မေမေတို့ရေ
အခုဆို ရာသီဥတု အပြောင်းအလဲတွေကြောင့် ကလေးလေးတွေ မိတ်ဖုတွေပေါက်ပြီး ယားလာ၊ စပ်လာမယ်ဆိုရင် အမြန်ဆုံး ဘယ်လိုကုသပေးရမလဲ???
မိတ်ဖုလေးတွေဆိုတာ ပိတ်နေတဲ့ ချွေးပေါက်လေးတွေကနေ အရေပြားအောက်မှာ ချွေးဖုလေးတွေထွက်ပြီး ရောင်ရမ်းလာခြင်းဖြစ်ပါတယ်၊ အဲဒီ မိတ်ဖုလေးတွေကို လည်ပင်း၊ကျောကုန်း၊တံတောင်ရှေ့၊ချိုင်းကြားတွေ ပေါင်နဲ့ဒူးတွေ နားမှာတွေ့နိုင်ပါတယ်။
ကလေးတွေ မိတ်ဖုပေါက်ပြီး ယားလာစပ်လာပြီဆိုရင်
(၁) အရင်ဆုံး ကလေးကို အေးတဲ့နေရာမှာပဲနေခိုင်းပါ၊ နေပူပြင်ထွက်ဆော့တာမျိုးတွေ မလုပ်ခိုင်းပါနဲ့၊
(၂) ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ၊
(၃) ဆပ်ပြာမတိုက်ပေးပါနဲ့၊
(၄) တဘက်နဲ့ မသုတ်ပေးပဲ လေဖြင့်အခြောက်ခံပေးပါ၊
(၅) ကလေးကို အေးစေမယ့် သနပ်ခါးရည်ကျဲကျဲ ဒါမုမဟုတ် အရည်ကျဲတဲ့ Baby Lotion
လေးတွေ လူးပေးလို့ရပါတယ်၊
(၆) လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ချည်ထည်လေးတွေပဲ ဝတ်ဆင်ပေးပါရှင့်၊
ဒါဆို ကလေးတွေ မိတ်ဖုလေးတွေသက်သာပြီး မြန်မြန်ဆန်ဆန်နဲ့ ပျောက်ကင်းစေပါတယ်။????????????
ရာသီဥတုက ပူပြင်းလှတာမို့ ကလေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ တိုက်တွန်းပေးလိုက်ပါတယ်ရှင့်။