မေမေတို့ရေ...
ဒီနေ့မှာတော့ မင်မင်က နွားနို့မှာပါဝင်တဲ့ ကယ်ဆီယမ်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးလေးတွေကိုပြောပြပေးမယ်နော်။
ကယ်ဆီယမ်ကို နေ့စဉ်သောက်သုံးပါက
(၁)အရိုးအဆစ်သန်မာခြင်း
(၂) မိမိတို့ရဲ့သွားများကိုကျန်းမာစေခြင်း၊
(၃) နှလုံး၊ကြွက်သား၊သွေးကြောများကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်နိုင်ဖို့အတွက်ကူညီပေးပါတယ်ရှင်။
ကယ်ဆီယမ်ကို နေ့စဉ်သောက်သုံးသင့်တဲ့ပမာဏ ကတော့
➡️ အရွယ်ရောက်ပြီးသား အမျိုးသား (၁၉ နှစ် မှ ၇၀ နှစ်) တွေအတွက် ဆိုရင် တစ်ရက်ကို ၁၀၀၀ mg နဲ့ အသက် ၇၁ နှစ် အထက်ဆိုရင် တော့ ၁၂၀၀ mg ၊
➡️ အရွယ်ရောက်ပြီး အမျိုးသမီး (၁၉ နှစ် မှ ၅၀ နှစ်) အတွက် ၁၀၀၀ mg နဲ့ အသက် ၅၁ နှစ် အထက် ကတော့ ၁၂၀၀ mg သာသောက်သုံးသင့်ပါတယ်ရှင်။
တန်ဆေးလွန်ဘေးဆိုတဲ့စကားကို မေမေတို့လည်းကြားဖူးမှာပေါ့နော်။
အရိုးအဆစ် သန်မာချင်လို့ဆိုပြီးတော့ ကယ်ဆီယမ်ကို ပုံမှန်ထက်ပိုသောက်တဲ့အခါ
- အရိုးအဆစ်၊ ကြွက်သားနာကျင်ခြင်း၊
- ကျောက်ကပ် တွင် ကျောက်တည်ခြင်း၊
- ဝမ်းချုပ်ခြင်း၊
- နှလုံးခုန်မမှန်ခြင်း၊
- ခေါင်းကိုက်ခြင်း အစရှိသင့်ရောဂါများကိုလည်း ဖြစ်စေနိုင်ပါတယ်ရှင်။
ဒါကြောင့်မေမေတို့အနေနဲ့ မိသားစုအတွက် Calcium ပါဝင်တဲ့ အစားအစာများကို တိုက်ကျွေးခြင်းက ကောင်းမွန်သလို ပုံမှန်တိုက်ကျွေးသင့်တဲ့ပမာဏ ထက် မပိုအောင်လည်းသတိထားသင့်ကြောင်း ပြောပြပေးလိုက်တယ်နော်။