မေမေတို့ရေ...
ဒီနေ့မှာတော့ မေမေတို့ရဲ့သားသား၊မီးမီးလေးတွေအရပ်ရှည်လာစေဖို့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့လေ့ကျင့်ခန်း (၃)ခုကို ပြောပြပေးမယ်နော်။
➡️ ခန္ဒာကိုယ်ကို ဆွဲဆန့်ပါ။
သားသား၊မီးမီးတွေကို မေမေတို့အိမ်ကနံရံမှာ ပဲ ကျောကပ်ထားကာ ခါးကိုမတ်မတ်ထားပြီး လက်နှစ်ဖက်ကိုမြင့်နိုင်သမျှမြင့်အောင်ထားခိုင်းပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် သားသား၊မီးမီးတို့ရဲ့ခန္ဒာကိုယ်က အကြောတွေကိုဆွဲဆန့်ကာအရပ်ရှည်လာစေပါတယ်။
➡️ ကြိုးခုန်ပါ
ကြိုးခုန်ခြင်းကသားသား၊မီးမီးတွေရဲ့အရပ်ရှည်ခြင်းကိုသာမက ကိုယ်လက်လှုပ်ရှား အားကစားလည်း ဖြစ်တာမို့ ပုံမှန် ပြုလုပ်မယ်ဆိုရင် ခန္ဒာကိုယ်ကအကြောတွေကို ဆွဲဆန့်စေပြီး အရပ်ရှည်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။
➡️ ဘားခိုပါ။
ဘားခိုဖို့အတွက် သားသား၊မီးမီးတို့အနေနဲ့ အိမ်မှာရှိတဲ့ ထုပ်တန်းတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဘားခိုတာကလည်း ခန္ဓာကိုယ် အရပ်ရှည်စေဖို့အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။
ကဲ… အခုလို လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်မယ်။
နွားနို့လည်း သောက်ပေးမယ်ဆိုရင် မေမေတို့ရဲ့ အိမ်က သားသား၊မီးမီးလေးတွေ အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။