မေမေတို့ရေ
သင်္ကြန်ပိတ်ရက်ဆိုတော့ မိသားစုကလည်းစုံနေတယ် နွေရာသီဆိုတော့ ရာသီဥတုကလည်း ပူနေတယ်လေ ဒီလိုချိန်မှာ အရသာရှိတဲ့ ရွှေရင်အေးလေး သောက်လိုက်ရရင် ကွက်တိပဲနော် ဒါကြောင့် ရွှေရင်အေးလုပ်နည်းလေးကို ပြောပြပေးလိုက်ပါတယ်
ဘာမှမလုပ်ခင်
- PEP နို့စိမ်း ၁ဘူး
- ကျိုထားပြီးသား သာကူ
- မုန့်လက်ဆောင်းဖတ်
- ကောက်ညှင်းပေါင်း
- အုန်းနို့ကျောက်ကျော
- သကြား
- ရေခဲ
- ဆားအနည်းငယ် စီတို့လိုအပ်ပါမယ်
ပြီးရင် အုန်းနို့ကျောက်ကျောလုပ်ဖို့အတွက် သကြား၊ PEP နို့စိမ်းဘူးတွေကို ရေနဲ့ရောကျိုပါ။
ပျစ်လာပြီဆိုရင် အအေးခံလိုက်ရုံပါပဲ မုန့်လက်ဆောင်းဖတ်အတွက်ကတော့ ဆန်မုန့်၊ ကော်မုန့်၊
ဆား၊ ဆွမ်းမွှေးရည် တွေကိုပြင်ဆင်ပါ။
ရေနွေးပူပူထဲမှာ ဆန်မုန့်၊ကော်မုန့်၊ဆား တွေကိုထည့်ပြီး
ပျစ်လာတဲ့အထိကြိုပေးရပါမယ်။
ဆွမ်းမွှေးရည်နဲ့ အရောင်ထည့်ပြီး ရေခဲရေထဲမှာ ဇကာလေးခံပြီးလောင်းထည့်လိုက်ရင် မုန့်လက်ဆောင်းဖတ်လေးရပါပြီ ။
နောက် PEP နို့စိမ်း ၁ ဘူးခွဲလောက်ကို ရေနဲ့ ဖျော်ပြီး နို့စိမ်းရည်လုပ်ပါ
သကြားကိုလည်းရေနည်းနည်းလေးနဲ့ ပျော်ရုံလေးအပူပေးပါ
ဒါတွေအားလုံးရပြီဆိုရင်တော့ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊
ကျောက်ကျော၊ သာကူ၊ ရေခဲလေးထည့် သကြားရည်၊ PEPနို့စိမ်းရည်လေးစမ်းပြီး အရသာရှိတဲ့ ရွှေရင်အေးလေးကို သုံးဆောင်လို့ရပါပြီနော်...